ကျေးဇူးတင်လွှာ
ရှေးဦးစွာ အနန္တကြီးမြတ်လှသော
ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ပါပါး (ဒေးဗစ်ရုံးမို)
ရဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို (အဂ်လိပ်-မြန်မာ) နှစ်ဘာသာနဲ့ ထုတ်ဝေဖို့ ဆုတောင်းခဲ့တာ
ကြာပါပြီ။ အထူးသဖြင့် ပါပါး ထူထောင်ခဲ့တဲ့ MYC ရဲ့ ရွှေရတု နှစ် ၅၀ အမီ ထုတ်ဝေချင်ခဲ့တာပါ။
အံ့သြစရာကောင်းလှသော၊ ချီးမွမ်းစရာကောင်းလှသော ဘုရားရဲ့ ကောင်းမြတ်ခြင်းဟာ
ပါပါးရဲ့ အသက်တာထဲမှာ (လူဟောင်းနဲ့ လူသစ်အဖြစ် အပိုင်းနှစ်ပိုင်း တွေ့ရမှာ
ဖြစ်ပါတယ်။
ပါပါးရဲ့အကြောင်းကို ဖတ်ရှုခြင်းအားဖြင့် စာဖတ်သူများရဲ့
နှလုံးသားထဲ ဝိညာဉ်တော်ဘုရားရဲ့ တို့ထိမှု၊ ပြောင်းလဲစေမှုကို ခံစားရပါစေလို့သာ
ရည်ရွယ်ရင်း ...။
စာအုပ်ဖြစ်မြောက်လာဖို့ရန်အတွက် အသုံးတော်ခံပေးကြသော ယခင် Executive Editor ဖြစ်သူ ANM မှ စာရေးသူ Douglas Hsu ဘာသာ,ပြန်သူ ဆရာ ဆလိုင်း ထိန်ဝင်းအိ တို့နှင့်အတူ ကျေးဇူးတင်ထိုက်သူများ အားလုံးကို
မိသားစုများအနေဖြင့်သော်လည်းကောင်း၊ MYC အဖွဲ့အစည်း အနေဖြင့်
သော်လည်းကောင်း ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Dr. ခင်ခင်မိုး
ညွှန်ကြားရေးမှူး (MYC)