ဘာသာပြန်သူရဲ့ ကျေးဇူးတင် စကား
ကျွန်တော်က ဆရာကြီး ဦးဒေးဗစ်ကို လူကိုယ်တိုင် ရင်းနှီးသိကျွမ်းခွင့် မရခဲ့ပါဘူး။ သူ့အကြောင်းရေးဖို့
စိတ်ကူးရတဲ့ စာရေးသူ Douglas
Hsu နဲ့ ANM အဖွဲ့ကို ကျေးဇူးတင်ပါတယ်။
Never Say Die စာအုပ်ဖတ်ချင်လို့ MYC
မှာ စုံစမ်းတဲ့အခါ
ဆရာကြီးရဲ့ သမီး ဆရာမကြီး ဒေါ်ခင်ခင်မိုးက သူဖတ်ဖို့ရထားတဲ့ တအုပ်တည်းသော စာအုပ်ကို လက်ဆောင်ပေးပြီး ဒီစာအုပ်လေး
ဘာသာပြန်ဖို့ ပြောပါတယ်။ အမှန်က ဖတ်ကြည့်ပြီးမှ ဘာသာပြန်ဖို့
ဆုံးဖြတ်ရမှာပါ။ ဖတ်မကြည့်ရသေးဘဲ "ဟုတ်ကဲ့" လို့ ပြောရင်း မျက်ရည်လည်မိလို့ ကိုယ့်ကိုယ်ကို
အံ့ဩမိပါတယ်။
ဖတ်ကြည့်တဲ့အခါ အခန်းတိုင်းမှာ
မျက်ရည်လည်ပြီး ခဏခဏ နားရတဲ့အထိ ခံစားရပါတယ်။ ဘုရားနဲ့ ထိတွေ့ပြီးတဲ့နောက် ကျန်ရှိတဲ့ နေ့ရက်ကာလတွေမှာ
ဘုရားက ပစ်မထားစေချင်တဲ့ အပယ်ခံလူတွေကို ကူညီဖို့ သူတပါးကို မညာဘဲ၊
ကိုယ့်ကိုကိုယ်လည်း မညှာဘဲ ဖိဖိစီးစီး အနစ်နာခံ ကြိုးစားကူညီခဲ့တာ တွေ့ရပါတယ်။
ကျွန်တာ်တို့က လေးစားလို့ ဆရာကြီး ဦးဒေးဗစ် ရုံးမို လို့ခေါ် ပေမယ့် သူ့မိတ်ဆွေတွေ၊ ရင်းနှီးသူတွေ၊ YC နှစ်ခြင်းဘုရားကျောင်းမှာ တက်ခဲ့သူတွေက သူ့ကို ဆရာဒေးဗစ်လို့
ခေါ်ကြတယ်။ အဲဒီလို ခေါ်ရတာလည်း သဘောကျကြပုံရတယ်။ ဂုဏ်ယူပုံရတယ်။ သူတို့က
လူရင်းတွကိုး။ ခေါ်ပုံကြည့်ပြီး ရင်းနှီးတဲ့ အတိုင်းအတာကို သိရပါတယ်။ အားကျမိတယ်။ ကျွန်တာ်ကတော့ ဒီစာအုပ်ဖတ်မှပဲ သူ့ကို သိပြီး၊ သူ့အကြောင်းကို ခဏခဏ တွေးမိတယ်။
လေးစားလာတယ်။ ရင်းနှီးလာတယ်။ သူက အဖေအရွယ်ဖြစ်ပေမယ့် ရင်းနှီးတဲ့သူတွေ
ခေါ်သလို “ဆရာဒေးဗစ်” လို့ တခါလောက် ခေါ်ချင်လာတယ်။ အခု စာအုပ်လေး ဖတ်ပြီးတဲ့အခါ သူ့ကို ရင်းနှီးသွားကြပါစေ။ ဒီမြေမှာ
ဆရာဒေးဗစ်တွေ အများကြီး ထပ်ပေါ်လာပါစေလို့ ဆုတောင်းပါတယ်။
- ဆလိုင်း
ထိန်ဝင်းအိ
No comments:
Post a Comment